1 2 3 4 5 6 7 8
ဒီမိုကရေစီ အစစ်အမှန် ရွေးကောက်ပွဲတွင် အခြေခံ လွတ်လပ်မျတ ဆောင်ရွက်ကြ

Thursday, June 18, 2015

အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အခြေခံမဲဆန္ဒရှင်စာရင်းများ ကွန်ပျူတာဖြည့်သွင်း ပြီးဖြစ်၍ (၂၂. ၆. ၂၀၁၅) ရက်နေ့တွင် သက်ဆိုင် ရာမြို့နယ်များအလိုက်ကပ်ထားကြေညာသွားမည်  ဖြစ်ပါသည်။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာသောအခါ မဲန္ဒရှင်ပြည်သူများ လာရောက် ကြည့်ရှု့ စိတ်ဝင်စားမှု ရှိစေရေးအတွက် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများတွင် CSOs များပူးပေါင်းပါဝင် ကူညီပေးရန်အတွက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရခိုင်ပြည်နယ်တွင်း အရပ်ဖက်လူမှု အဖွဲ့အစည်း CSOs များ၏ မဲဆန္ဒရှင်ပညာပေးညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် (၁၆. ၆. ၂၀၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ က အဖွင့်အမှာစကားပြောကြားပြီး၊ မဲစာရင်းကပ်ထားကြေညာရာတွင် CSO များအနေဖြင့် ပူးပေါင်းပါဝင်ရေးကိစ္စရပ်များနှင့် ပတ်သတ် ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိမှ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမည့်လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသော CSO အဖွဲ့အစည်းများ မှ မဲစာရင်းကပ်ထားကြေညာခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သတ်ပြီး သိလိုသည်များကို မေးမြန်းခြင်း၊ သက်ဆိုင်ရာမြို့နယ်များအလိုက် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာ အုပ်စုများကို ရွေးချယ်တာဝန်ခွဲယူခဲ့ကြပါသည်။

0 comments:

Post a Comment