1 2 3 4 5 6 7 8
ဒီမိုကရေစီ အစစ်အမှန် ရွေးကောက်ပွဲတွင် အခြေခံ လွတ်လပ်မျတ ဆောင်ရွက်ကြ

Tuesday, July 14, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရခိုင်ပြည်နယ်တာဝန်ခံ) ဒေါက်တာမောင်မောင်ကြည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

 
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ( ရခိုင်ပြည်နယ်တာဝန်ခံ) ဒေါက်တာမောင်မောင်ကြည် သည် (၈- ၇- ၂၀၁၅) တွင် သံတွဲမှ စစ်တွေမြို့သို့ရောက်ရှိပြီး ၊ ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါ သည်။
(၉- ၇- ၂၀၁၅) ရက်နေ့တွင် စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များသို့ လည်းကောင်း ၊ (၁၀- ၇- ၂၀၁၅ ) ရက်နေ့တွင် မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်များသို့လည်းကောင်း၊ (၁၂- ၇- ၂၀၁၅) ရက်နေ့တွင် မြောက်ဦး၊ ကျောက်ဖြူမြို့နယ်များသို့ သွားရောက်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်/ ကျေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။


0 comments:

Post a Comment